• Home
  • ဘာသာရေး
  • _တရားတော်များ(MP3)
  • _တရားတော်များ(VIDEO)
  • _ဓမ္မစာသားများ
  • _သံဝေဂရယူရန်
  • _ဘာသာရေးဆိုင်ရာစာအုပ်များ
  • _ဘာသာရေးဆိုင်ရာအလွဲများ
  • စိတ်ခွန်အားဖြည့်စာများ
  • စာအုပ်များ
  • Computer
  • _PC Software
  • _Virus ဆိုင်ရာ
  • ကလေးရေးရာ
  • ဗဟုသုတ
  • ဟာသ
  • Blog နည်းပညာ
  • ဆက်သွယ်ရန်
Wai Lin Htike
  • Home
  • ဘာသာရေး
  • _တရားတော်များ (MP3)
  • _တရားတော်များ(VIDEO)
  • _ဓမ္မစာသားများ
  • _သံဝေဂရယူရန်
  • _ဘာသာရေးဆိုင်ရာစာအုပ်များ
  • _ဘာသာရေးဆိုင်ရာအလွဲများ
  • စိတ်ခွန်အားဖြည့်စာများ
  • စာအုပ်များ
  • Computer
  • _PC Software
  • _Virus ဆိုင်ရာ
  • ကလေးရေးရာ
  • ဗဟုသုတ
  • ဟာသ
  • Blog နည်းပညာ
  • ဆက်သွယ်ရန်

တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်းအရာတွင် ဧတဒဂ်ဘွဲ့ရအရှင်မောဂ္ဂလာန် မထေရ်မြတ်ကြီး / တန္ခိုးဣဒၶိပါဒ္ႀကီးျခင္းအရာတြင္ ဧတဒဂ္ဘြဲ႔ရအရွင္ေမာဂၢလာန္ မေထရ္ျမတ္ႀကီး

April 26, 2020 ဘာသာေရးဆိုင္ရာစာအုပ္မ်ား 0 Comments

Unicode
တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်းအရာတွင် ဧတဒဂ်ဘွဲ့ရအရှင်မောဂ္ဂလာန် မထေရ်မြတ်ကြီး

အရှင်မောဂ္ဂလာန် သည် ဗုဒ္ဓ မြတ်စွာဘုရားရှင်တော်မြတ် မှတစ်ပါးတန်ခိုးကြီးသည့်အဖြစ်၌ သာလွန်သောသာဝက ဟူ၍မရှိသော ထူးကဲသည့်ဂုဏ်နှင့်ပြည့်စုံသည့်ရဟန္တာ သူမတူအောင်တန်ခိုးကြီးထူးချွန်သဖြင့် တန်ခိုးအရာ၌ အဂ္ဂဣဒ္ဓိမန္တဘွဲ့ တံဆိပ်ရရဟန္တာဖြစ်သည်။ ရှင်မေဂ္ဂလာန်သည် ဂေါတမဗုဒ္ဓဘုရားသခင်၏ လက်ဝဲတော်ရံ အဂ္ဂမဟာသာဝက ကြီး ဖြစ်တော်မူသည်။ မဟာမောဂ္ဂလာန်ထေရ်သည် ဂေါတမမြတ်စွာဘုရား၏ လက်ဝဲရံ အဂ္ဂသာဝကအဖြစ် ချီးမြှောက်ခြင်းခံရသော ရဟန္တာတစ်ပါးဖြစ်သည်။ ရာဇဂြိုဟ်ပြည် ကောလိတရွာ ဗြဟ္မဏမဟာသာလ မျိုးဖြစ်သော ကောလိတရွာသူကြီးနှင့် မောဂ္ဂလိပုဏ္ဏေးမ၏ သားဖြစ်၍ ကောလိတဟု အမည်တွင်သည်။

ဘုရားရှင်၏ ဗျာဒိတ်
လွန်ခဲ့သော တစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်ကာလ မနောမဒဿဘုရား ပွင့်တော်မူသည့် အချိန် တွင် ဖြစ်၏။ သရဒနှင့် သီရိဝဍ္ဎန နှစ်ယောက်တို့သည် သူငယ်ချင်း ဖြစ်သည်။ သရဒသည် ရှင်သာရိပုတ္တရာ အလောင်းအလျာဖြစ်ပြီး၊ သီရိဝဍ္ဎနသည် ရှင်မောဂ္ဂလန် အလောင်းအလျာဖြစ်သည်။ သီရိဝဍ္ဎန ၏ မျိုးရိုးသည် အသည်မျိုး ဖြစ်၏။

ဂေါတမဘုရားရှင်၏ လက်ယာရံအဂ္ဂသာဝကအဖြစ် ဗျာဒိတ်ပေးခြင်းခံရသည် သရဒရသေ့သည် မိမိ၏ သူငယ်ချင်းဖြစ်သူ သီရိဝဍ္ဎနအား လက်ဝဲရံအဂ္ဂသာဝကဆုကို တောင်းရန် အကြံပေး၏။ သီရိဝဍ္ဎန လည်းဘုရားအမှူးရှိသည့် သံဃာတော်အရှင်မြတ်တို့ကို တိစီဝရိတ် သင်္ကန်းတို့ဖြင် ဆက်ကပ်လှူဒါန်းပူဇော်၏။ မနောမဒဿီဘုရားရှင်အား အရှင်ဘုရား၊ တပည့်တော်၏ သူငယ်ချင်း သရဒရသေ့ နောင်ပွင့်တော်မူမည့် ဂေါတမဘုရားရှင်လက်ထက်တွင် လက်ယာရံအဂ္ဂသာဝကဆုကို တောင်းပါ၏။ အကျွန်ုပ်လည်း ယခုပြုရသော ကောင်းမှုကုသိုလ်တို့ကြောင့် လက်ဝဲရံအဂ္ဂသာဝကဆုကို ရရပါလို၏ ဟုဆုတောင်း၏။ ထိုအခါ ဘုရားရှင်က သင်သည်လည်း မဟာမောဂ္ဂလန် အမည်ဖြင့် ဂေါတမဘုရားရှင်၏ လက်ဝဲရံအဂ္ဂသာဝက ဖြစ်လတ္တံ့ဟု ဗျာဒိတ် မြွက်ကြားတော်မူသည်

ငယ်ဘဝ
ငယ်စဉ်ကသူငယ်ချင်းဖြစ်သော ဥပတိဿပုဏ္ဏားမျိုးနှင့် အတူ တောင်ထွတ်သဘင်ပွဲကို ကြည့်ကြရင်း သတိသံဝေဂရ၍ နှစ်ဦးသဘောတူ တရားအားထုတ်ရန် ရာဇဂြိုဟ်ပြည် သိဉ္စည်းပရိဗိုဇ်ထံသို့သွားကြသည်။

ထိုပရိဗိုဇ်ထံ၌ ရဟန်းပြု၍ တရားရှာကြသော်လည်း တရားစစ် တရားမှန်ကို မရနိုင်မှန်း သိကြသဖြင့် သူငယ်ချင်းနှစ်ဦးသည် တစ်ဦးတရားရလျှင် တစ်ဦးကို ပြန်ကြားပြောဆိုစတမ်းဟု ကတိကဝတ်ပြုလျက် တရားမှန် ရှာရန် တကွဲတပြားစီ ခွဲထွက်သွားကြသည်။

ထိုအခါ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်သို့ရောက်၍ ဝေဠုဝန်ကျောင်းတော်တွင် စံပယ်သီတင်းသုံးနေတော်မူခိုက်ဖြစ်သည်။ သူငယ်ချင်းဖြစ်သော ဥပတိဿပရိဗိုဇ်သည် မြတ်စွာဘုရား၏ တပည့် ပဉ္စဝဂ္ဂီတို့တွင် အငယ်ဆုံးဖြစ်သော အဿဇိထေရ်နှင့် တွေ့၍ မြတ်စွာဘုရား၏တရားတော်ကို အဿဇိထေရ်မှ တစ်ဆင့် နာကြားရကာ သောတာပတ္တိဖိုလ်သို့ဦးစွာရောက်နှင့်သည်။

သောတာပတ္တိဖိုလ်တည်ခြင်း
ဥပတိဿပသည် ကတိကဝတ်အတိုင်း ပြန်လာပြီးလျှင် ကောလိတပရိဗိုဇ်အား မိမိကြားနာခဲ့ရသော "ယေဓမ္မာ ဟေတုပ္ပဘဝါ" ဟူသောတရားကို ပြန်ကြားဟောပြောရာ ဂါထာအဆုံး၌ ကောလိတပရိဗိုဇ်သည်လည်း သောတာပတ္တိဖိုလ်သို့ရောက်လေသည်။

ရဟန္တာအဖြစ်သို့ ရောက်ရှိခြင်း
ကောလိတသည် တရားရပြီးနောက် ဥပတိဿနှင့်အတူ မြတ်စွာဘုရားထံသို့လိုက်ပါသွားရောက်သည်။ မြတ်စွာဘုရားက တရားတော်ကို ဟောကြားသဖြင့် မဟာသက္ကရာဇ် ၁ဝ၃ ခု တပို့တွဲလဆန်း ၇ ရက်နေ့တွင် ရဟန္တာအဖြစ်သို့ ရောက်သည်။ ထိုနေ့၌ပင် မြတ်စွာဘုရားက မဟာမောဂ္ဂလာန် ဟူ၍ အမိ၏ အမည်ကိုစွဲ၍ သမုတ်လျက် လက်ဝဲရံအဂ္ဂသာဝက အရာ၌ ချီးမြှောက်တော်မူသည်။ ထို့နောက် တန်ခိုးတော်အရာ၌ ထူးချွန်သဖြင့် ဧတဒဂ်ဘွဲ့ဖြင့် ချီးမြှောက်တော်မူပြန်သည်။

ပရိနိဗ္ဗာန် စံတော်မူခြင်း
မဟာမောဂ္ဂလာန်ထေရ်သည် မြတ်စွာဘုရားထံတွင် နှစ်ရှည်လများ အလုပ်အကျွေးပြုသည်။ ထို့နောက် သိဂိလိတောင် နံဘေး၌ ဝဋ်ကြမ္မာအလျောက် ခိုးသား ငါးရာတို့၏ ရိုက်နှက်ခြင်းကို ခံရသဖြင့် ပရိနိဗ္ဗာန် စံတော်မူသည်။ မဟာမောဂ္ဂလာန်ထေရ်၏ ဓာတ်တော်များကို မြတ်စွာဘုရားကိုယ်တော်တိုင် ကြပ်မတ်၍ ဝေဠုဝန်ကျောင်းတော် တံခါးမုခ်ဝ၌ စေတီတည်တော်မူသည်။

ရှင်ဘုရင်တို့၏ သာသနာထိန်းသိမ်းပုံ
နောင်သောအခါ သီရိဓမ္မာသောကမင်းကြီးသည် ဓာတ်တော်များကို မူလနေရာမှ တူးဖော်ဆောင်ယူ၍ အဝန္တိတိုင်း ဥဇ္ဇေနီပြည်အနီး ဝေဒိဿသတောင်ရံ၌ စေတီကြီး ၃ ဆူတည်၍ တစ်ဆူတွင် မဟာမောဂ္ဂလာန်ထေရ်၏ ဓာတ်တော်ကို ဌာပနာသည်။

ထိုဓာတ်တော်များကို ၁၉ ရာစုနှစ်အတွင်း၌ စေတီတော် ပြိုပျက်ရာတွင် တူးဖော်တွေ့ရှိရ၍ အင်္ဂလန်နိုင်ငံ ပြတိုက်သို့ပင့်ဆောင်ပူဇော်ထားရာမှ အိန္ဒိယနိုင်ငံ မဟာဗောဓိ အသင်းမှ ကြီးမှူး၍ ပြန်လည်ပင့်ဆောင်ကာ ထိုဝေဒိဿကတော် (ယခုအခါ ဆန်ချီ) အရပ်ရှိ စေတီတော်၌ပင် ဌာပနာခြင်းပြုသည်။ ဓာတ်တော်များကို ဌာပနာခြင်းမပြုမီ မြန်မာနိုင်ငံအစိုးရက မြန်မာနိုင်ငံသို့ပင့်ဆောင်ကာ မြို့ရွာများစွာတွင် လှည့်လည် အပူဇော်ခံ တော်မူသည်။ ဓာတ်တော်ဌာပနာပွဲကို ၁၉၅၂ ခုနှစ်တွင် အိန္ဒိယ၌ ကျင်းပရာလွန်စွာ စည်ကားလှသည်။ ထိုပွဲတော်သို့မြန်မာနိုင်ငံမှ ဝန်ကြီးချုပ်ဦးနုနှင့် ဗုဒ္ဓဝါဒီ အများလည်း တက်ရောက်ပူဇော်ကြပါတယ်။
Zawgyi Code 
အရွင္ေမာဂၢလာန္ သည္ ဗုဒၶ ျမတ္စြာဘုရားရွင္ေတာ္ျမတ္ မွတစ္ပါးတန္ခိုးႀကီးသည့္အျဖစ္၌ သာလြန္ေသာသာဝက ဟူ၍မရွိေသာ ထူးကဲသည့္ဂုဏ္ႏွင့္ျပည့္စုံသည့္ရဟႏၲာ သူမတူေအာင္တန္ခိုးႀကီးထူးခြၽန္သျဖင့္ တန္ခိုးအရာ၌ အဂၢဣဒၶိမႏၲဘြဲ႕ တံဆိပ္ရရဟႏၲာျဖစ္သည္။ ရွင္ေမဂၢလာန္သည္ ေဂါတမဗုဒၶဘုရားသခင္၏ လက္ဝဲေတာ္ရံ အဂၢမဟာသာဝက ႀကီး ျဖစ္ေတာ္မူသည္။ မဟာေမာဂၢလာန္ေထရ္သည္ ေဂါတမျမတ္စြာဘုရား၏ လက္ဝဲရံ အဂၢသာဝကအျဖစ္ ခ်ီးေျမႇာက္ျခင္းခံရေသာ ရဟႏၲာတစ္ပါးျဖစ္သည္။ ရာဇၿဂိဳဟ္ျပည္ ေကာလိတ႐ြာ ျဗဟၼဏမဟာသာလ မ်ိဳးျဖစ္ေသာ ေကာလိတ႐ြာသူႀကီးႏွင့္ ေမာဂၢလိပုေဏၰးမ၏ သားျဖစ္၍ ေကာလိတဟု အမည္တြင္သည္။

ဘုရားရွင္၏ ဗ်ာဒိတ္
လြန္ခဲ့ေသာ တစ္သေခ်ၤႏွင့္ ကမာၻတစ္သိန္းထက္ကာလ မေနာမဒႆဘုရား ပြင့္ေတာ္မူသည့္ အခ်ိန္ တြင္ ျဖစ္၏။ သရဒႏွင့္ သီရိဝၯန ႏွစ္ေယာက္တို႔သည္ သူငယ္ခ်င္း ျဖစ္သည္။ သရဒသည္ ရွင္သာရိပုတၱရာ အေလာင္းအလ်ာျဖစ္ၿပီး၊ သီရိဝၯနသည္ ရွင္ေမာဂၢလန္ အေလာင္းအလ်ာျဖစ္သည္။ သီရိဝၯန ၏ မ်ိဳး႐ိုးသည္ အသည္မ်ိဳး ျဖစ္၏။

ေဂါတမဘုရားရွင္၏ လက္ယာရံအဂၢသာဝကအျဖစ္ ဗ်ာဒိတ္ေပးျခင္းခံရသည္ သရဒရေသ့သည္ မိမိ၏ သူငယ္ခ်င္းျဖစ္သူ သီရိဝၯနအား လက္ဝဲရံအဂၢသာဝကဆုကို ေတာင္းရန္ အႀကံေပး၏။ သီရိဝၯန လည္းဘုရားအမႉးရွိသည့္ သံဃာေတာ္အရွင္ျမတ္တို႔ကို တိစီဝရိတ္ သကၤန္းတို႔ျဖင္ ဆက္ကပ္လႉဒါန္းပူေဇာ္၏။ မေနာမဒႆီဘုရားရွင္အား အရွင္ဘုရား၊ တပည့္ေတာ္၏ သူငယ္ခ်င္း သရဒရေသ့ ေနာင္ပြင့္ေတာ္မူမည့္ ေဂါတမဘုရားရွင္လက္ထက္တြင္ လက္ယာရံအဂၢသာဝကဆုကို ေတာင္းပါ၏။ အကြၽႏ္ုပ္လည္း ယခုျပဳရေသာ ေကာင္းမႈကုသိုလ္တို႔ေၾကာင့္ လက္ဝဲရံအဂၢသာဝကဆုကို ရရပါလို၏ ဟုဆုေတာင္း၏။ ထိုအခါ ဘုရားရွင္က သင္သည္လည္း မဟာေမာဂၢလန္ အမည္ျဖင့္ ေဂါတမဘုရားရွင္၏ လက္ဝဲရံအဂၢသာဝက ျဖစ္လတၱံ့ဟု ဗ်ာဒိတ္ ႁမြက္ၾကားေတာ္မူသည္

ငယ္ဘဝ
ငယ္စဥ္ကသူငယ္ခ်င္းျဖစ္ေသာ ဥပတိႆပုဏၰားမ်ိဳးႏွင့္ အတူ ေတာင္ထြတ္သဘင္ပြဲကို ၾကည့္ၾကရင္း သတိသံေဝဂရ၍ ႏွစ္ဦးသေဘာတူ တရားအားထုတ္ရန္ ရာဇၿဂိဳဟ္ျပည္ သိၪၥည္းပရိဗိုဇ္ထံသို႔သြားၾကသည္။

ထိုပရိဗိုဇ္ထံ၌ ရဟန္းျပဳ၍ တရားရွာၾကေသာ္လည္း တရားစစ္ တရားမွန္ကို မရႏိုင္မွန္း သိၾကသျဖင့္ သူငယ္ခ်င္းႏွစ္ဦးသည္ တစ္ဦးတရားရလွ်င္ တစ္ဦးကို ျပန္ၾကားေျပာဆိုစတမ္းဟု ကတိကဝတ္ျပဳလ်က္ တရားမွန္ ရွာရန္ တကြဲတျပားစီ ခြဲထြက္သြားၾကသည္။

ထိုအခါ ျမတ္စြာဘုရားသည္ ရာဇၿဂိဳဟ္ျပည္သို႔ေရာက္၍ ေဝဠဳဝန္ေက်ာင္းေတာ္တြင္ စံပယ္သီတင္းသုံးေနေတာ္မူခိုက္ျဖစ္သည္။ သူငယ္ခ်င္းျဖစ္ေသာ ဥပတိႆပရိဗိုဇ္သည္ ျမတ္စြာဘုရား၏ တပည့္ ပၪၥဝဂၢီတို႔တြင္ အငယ္ဆုံးျဖစ္ေသာ အႆဇိေထရ္ႏွင့္ ေတြ႕၍ ျမတ္စြာဘုရား၏တရားေတာ္ကို အႆဇိေထရ္မွ တစ္ဆင့္ နာၾကားရကာ ေသာတာပတၱိဖိုလ္သို႔ဦးစြာေရာက္ႏွင့္သည္။

ေသာတာပတၱိဖိုလ္တည္ျခင္း
ဥပတိႆပသည္ ကတိကဝတ္အတိုင္း ျပန္လာၿပီးလွ်င္ ေကာလိတပရိဗိုဇ္အား မိမိၾကားနာခဲ့ရေသာ "ေယဓမၼာ ေဟတုပၸဘဝါ" ဟူေသာတရားကို ျပန္ၾကားေဟာေျပာရာ ဂါထာအဆုံး၌ ေကာလိတပရိဗိုဇ္သည္လည္း ေသာတာပတၱိဖိုလ္သို႔ေရာက္ေလသည္။

ရဟႏၲာအျဖစ္သို႔ ေရာက္ရွိျခင္း
ေကာလိတသည္ တရားရၿပီးေနာက္ ဥပတိႆႏွင့္အတူ ျမတ္စြာဘုရားထံသို႔လိုက္ပါသြားေရာက္သည္။ ျမတ္စြာဘုရားက တရားေတာ္ကို ေဟာၾကားသျဖင့္ မဟာသကၠရာဇ္ ၁ဝ၃ ခု တပို႔တြဲလဆန္း ၇ ရက္ေန႔တြင္ ရဟႏၲာအျဖစ္သို႔ ေရာက္သည္။ ထိုေန႔၌ပင္ ျမတ္စြာဘုရားက မဟာေမာဂၢလာန္ ဟူ၍ အမိ၏ အမည္ကိုစြဲ၍ သမုတ္လ်က္ လက္ဝဲရံအဂၢသာဝက အရာ၌ ခ်ီးေျမႇာက္ေတာ္မူသည္။ ထို႔ေနာက္ တန္ခိုးေတာ္အရာ၌ ထူးခြၽန္သျဖင့္ ဧတဒဂ္ဘြဲ႕ျဖင့္ ခ်ီးေျမႇာက္ေတာ္မူျပန္သည္။

ပရိနိဗၺာန္ စံေတာ္မူျခင္း
မဟာေမာဂၢလာန္ေထရ္သည္ ျမတ္စြာဘုရားထံတြင္ ႏွစ္ရွည္လမ်ား အလုပ္အေကြၽးျပဳသည္။ ထို႔ေနာက္ သိဂိလိေတာင္ နံေဘး၌ ဝဋ္ၾကမၼာအေလ်ာက္ ခိုးသား ငါးရာတို႔၏ ႐ိုက္ႏွက္ျခင္းကို ခံရသျဖင့္ ပရိနိဗၺာန္ စံေတာ္မူသည္။ မဟာေမာဂၢလာန္ေထရ္၏ ဓာတ္ေတာ္မ်ားကို ျမတ္စြာဘုရားကိုယ္ေတာ္တိုင္ ၾကပ္မတ္၍ ေဝဠဳဝန္ေက်ာင္းေတာ္ တံခါးမုခ္ဝ၌ ေစတီတည္ေတာ္မူသည္။

ရွင္ဘုရင္တို႔၏ သာသနာထိန္းသိမ္းပုံ
ေနာင္ေသာအခါ သီရိဓမၼာေသာကမင္းႀကီးသည္ ဓာတ္ေတာ္မ်ားကို မူလေနရာမွ တူးေဖာ္ေဆာင္ယူ၍ အဝႏၲိတိုင္း ဥေဇၨနီျပည္အနီး ေဝဒိႆသေတာင္ရံ၌ ေစတီႀကီး ၃ ဆူတည္၍ တစ္ဆူတြင္ မဟာေမာဂၢလာန္ေထရ္၏ ဓာတ္ေတာ္ကို ဌာပနာသည္။

ထိုဓာတ္ေတာ္မ်ားကို ၁၉ ရာစုႏွစ္အတြင္း၌ ေစတီေတာ္ ၿပိဳပ်က္ရာတြင္ တူးေဖာ္ေတြ႕ရွိရ၍ အဂၤလန္ႏိုင္ငံ ျပတိုက္သို႔ပင့္ေဆာင္ပူေဇာ္ထားရာမွ အိႏၵိယႏိုင္ငံ မဟာေဗာဓိ အသင္းမွ ႀကီးမႉး၍ ျပန္လည္ပင့္ေဆာင္ကာ ထိုေဝဒိႆကေတာ္ (ယခုအခါ ဆန္ခ်ီ) အရပ္ရွိ ေစတီေတာ္၌ပင္ ဌာပနာျခင္းျပဳသည္။ ဓာတ္ေတာ္မ်ားကို ဌာပနာျခင္းမျပဳမီ ျမန္မာႏိုင္ငံအစိုးရက ျမန္မာႏိုင္ငံသို႔ပင့္ေဆာင္ကာ ၿမိဳ႕႐ြာမ်ားစြာတြင္ လွည့္လည္ အပူေဇာ္ခံ ေတာ္မူသည္။ ဓာတ္ေတာ္ဌာပနာပြဲကို ၁၉၅၂ ခုႏွစ္တြင္ အိႏၵိယ၌ က်င္းပရာလြန္စြာ စည္ကားလွသည္။ ထိုပြဲေတာ္သို႔ျမန္မာႏိုင္ငံမွ ဝန္ႀကီးခ်ဳပ္ဦးႏုႏွင့္ ဗုဒၶဝါဒီ အမ်ားလည္း တက္ေရာက္ပူေဇာ္ၾကပါတယ္။


                                                                                             
                                                                                         wikipedia


                                                                                                                      

                                                                                                                      
Tags ဘာသာေရးဆိုင္ရာစာအုပ္မ်ား ဧတဒဂ္ဘြဲ႔ရ ရဟႏၲာေထရ္ (၄၁) ပါးေထ႐ုပတၱိ

Posted by: wailinhtike

Related Posts

Previous Post Next Post

0 Comments

Post a Comment

Search This Blog

 

မိုးကုတ်ဆရာတော်ဘုရားကြီး၏ အဆုံးအမဩဝါဒ

သစ္စာလေးပါးတရား‌တော်တို့ကို နာကြား မှတ်သား ကျင့်သုံးနိင်ခွင့်တည်းဟူသော စိန်တောင်ရွှေတောင်ကြီးပေါ်ရောက် နေပြီးကာမှ ဘာမဟုတ်တဲ့ ကျောက်စရစ်ခဲ‌လေးတွေ လောက်သာကောက်ပြီးလှည့်ပြန်မသွားကြပါနဲ့ ဒကာ ဒကာမတို့။ 


တကယ်တော့ ဘဝဆိုတာ
ပျော်မွေ့ဖွယ်မဟုတ်ပါဘူး
ပျော်အောင်နေကြရတာပါ။
ပျော်အောင် တမင်ဖန်တီးပြီးနေနေရတဲ့ ဘဝတွေဆိုတော့
တစ်ခါတစ်လေ ပျော်စရာတွေ မရတော့လည်း မငိုမိစေနဲ့ပေါ့
(ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော်)
 

Popular

လယ်တီ ဆရာတော်ကြီး ရေးသားခဲ့သော ပဋိစ္စသမုပ္ပါဒ် ပျို့လင်္ကာများ

September 16, 2023

ဓမ္မစေတီဆရာတော် ဟောကြားထားသော တရားတော်များ

December 05, 2023

ပိဋကတ် အစွယ်ချိုး တေးထပ်

September 10, 2023

Labels

  • Android ဂိမ္းမ်ား
  • Blog နည္းပညာ
  • pc Software များ
  • Virus ဆိုင်ရာ
  • ကဗ်ာမ်ား
  • ကေလးေရးရာ
  • စိတ္ခြန္အားျဖည္႕စာေပမ်ား
  • ဇာတ္ႀကီး(၁၀)ဘြဲ႕
  • ဇာတ်တော်များ
  • တရားေတာ္မ်ား MP3
  • တရားေတာ္မ်ား(Video)
  • ဓမၼစာသားမ်ား
  • နည်းပညာ
  • ဖတ္စရာ ျမန္မာစာအုပ္မ်ား (PDF)
  • ဗဟုသုတ
  • ဘာသာေရးဆိုင္ရာစာအုပ္မ်ား
  • ဘာသာေရးဆိုင္ရာအလြဲမ်ား
  • သတင္းငွါနမ်ား
  • သံဝေဂစာသားများ
  • ဟာသ
  • ဧတဒဂ္ဘြဲ႔ရ ရဟႏၲာေထရ္ (၄၁) ပါးေထ႐ုပတၱိ


Application အားဒေါင်းရန်





ပြောချင်တာများရှိပါက ရေးခဲ့နိုင်ပါသည်

 Name:
E-mail: *
Message: *

Design by ICS | Distributed by WLH

Contact Form