☆သီလဆိုတာ ဘာလဲ။
★ ကိံသီလန္တိ စေတနာသီလံ စေတသိကံသီလံ သံဝရောသီလံ အဝီတိက္ကမော သီလန္တိ။ (ပဋိသမ္ဘိဒါမဂ်)
* စေတနာသည် သီလမည်၏။
*စေတသိက်သည် သီလမည်၏။
*ပိတ်ဆို့စောင့်ရှောက်ခြင်း သံဝရသည် သီလမည်၏။
*မလွန်ကျူးခြင်း အဝီတိက္ကမသည် သီလမည်၏။
☆အဘယ်အနက်သဘောကြောင့် သီလ ဟုခေါ်သနည်း။
★ ကာယကံ (ကာယဝိညတ်)၊ ဝစီကံ (ဝစီဝိညတ်) တို့ကို ဖရိုဖရဲမဖြစ်စေဘဲ သိမ်းသိမ်းဆည်းဆည်း ကောင်းစွာသိုထားခြင်းဟူသော သီလန အနက်သဘောရှိသည့်အတွက် သီလ ဟု ခေါ်၏။
☆သီလ၏ အကျိုးကား အဘယ်နည်း။
★ (၁) သီလနှင့် ပြည့်စုံသူသည် မမေ့မလျော့၊ မပေါ့မတန်ခြင်း အကြောင်းကြောင့် ကြီးစွာသော စည်းစိမ်အစုကို ရ၏။
(၂) သီလနှင့်ပြည့်စုံသူ၏ ကောင်းသော ကျော်ဇောသတင်းသည် ပြန့်နှံ့၍ တက်၏။
(၃) သီလနှင့် ပြည့်စုံသူသည် မည်သည့်ပရိသတ် (မင်း၊ သူကြွယ်၊ ရဟန်းစသည်) သို့မဆို ရဲရဲရင့်ရင့်၊ ကြောက်ရွံ့ခြင်းကင်းရှင်းစွာ ကျက်သရေမင်္ဂလာရှိသည့် ရွှင်လန်းသောမျက်နှာဖြင့် ချဉ်းကပ်ရ၏။
(၄) သီလရှိသူသည် မတွေမဝေ ကြည်ကြည်လင်လင် မိမိပြုထားသော ကုသိုလ်ကောင်းမှုတို့ကို ထင်မြင်၍ သေရ၏။
(၅) ကိုယ်ခန္ဓာပျက်ကြွေ၍ သေပြီးသည့်နောက်၌ ကောင်းမှုပြုသူတို့၏ လားရာဖြစ်သော နတ်ပြည်လောကသို့ မချွတ်ရောက်ရ၏။
(ဒေါက်တာမင်းတင်မွန် ရေးသားသော ဝိသုဒ္ဓိမဂ္ဂ အလင်းပြ၊ ပ တွဲ၊ မှကောက်နှုတ်ဖော်ပြပါသည်)
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment